““ငါ့နှလုံးသားမှာ ခြေချသွားတဲ့ ကောင်မလေး””င်္


ကောင်မလေးရေ.......
ငါ့နှလုံးသားကမ်းစပ်မှာ
မင်းဘ၀လှေငယ်ကို
ကျောက်ချပြီးမရပ်နားလိုက်ပါနဲ့
တကယ်လို့ နားခိုခဲ့ရင်
ငါ့ နှလုံးသားမြေပြင်မှာ
မင်းရဲ့အချစ်သစ်ပင်
မစိုက်ပျိုးခဲ့ပါနဲ့
ငါ့ဘ၀ပက်ကြားအက်မှာ
နှလုံးသားက ကန္တာရ
အချစ်က မီးတောက်
သောကနဲ့ လမ်းလျှောက်နေတဲ့ ငါ...
oasis ဆိုတာ မရှိပါဘူး
ကြင်နာသူကမ်းလက်မှာ
လှမ်းလက်မဲ့ခဲ့တာ နားလည်ပါ
နာကျင်မှုကောင်းကင်အောက်
ငါတစ်ယောက်ထဲ ပျော်ဝင်ပါရစေ
မင်းရင်ထဲက  အချစ်ပန်း
င့ါကြောင့် နွမ်း...ကြွေ...
မင်းမျက်ရည်မြေခမှာကို
ငါ... မမြင်ရက်ဘူး။
ကောင်မလေးရေ.......
မင်းဘ၀လှေငယ်မှာ
ပဲ့ကိုင်ရှင်ဖြစ်ခွင့်မရှိတဲ့ ... ငါ
မကြင်နာလို့မဟုတ်ပါဘူး
မင်း .. နာကျင်မှာစိုးလို့ပါ
တကယ်လို့
နောင်ဘ၀မှာ
မင်းနဲ့ငါ ပြန်ဆုံခဲ့ရင်
ပဲ့ကိုရှင်ဟာ ငါဖြစ်ပါရစေ
ခုတော့ ...
ငါ့ နှလုံးသား ကန္တာရမှာ
မင်း ခြေချသွားလိုက်တာ
မေတ္တာတွေ တောထ
အချစ်ပန်းတွေ ဖူးပွင့်
အလွမ်းတွေ ရင့်သန်လို့ကျန်ခဲ့တယ်
အဲဒီအလွမ်းတွေကိုပဲ
ငါ...   ကြင်ကြင်နာနာနဲ့  ပွေ့ဖက်ထားတာ
တစ်သက်စာထာဝရပါ
ငါ့နှလုံးသားမှာ
ခြေချသွားတဲ့ကောင်မလေးရေ.......။                   ။
နေထက်ထွန်း(ကန့်ဘလူ)

sam

UNDER THE TITLE OF THE POEM, CLICK