အချစ်ဟူသည်.....................?


အချစ်ဆိုတာ ရယူခြင်းလား ? ပေးဆပ်ခြင်းလား ?

သူငယ်ချင်းတွေကော ဘယ်လို ထင်မြင်ယူဆပါသလဲ .........................
ကျွန်တော်ဖတ်ခဲ့ဖူးတာလေးကို သိသလောက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

`` အချစ်ဆိုတာ ရယူခြင်းလည်း ဖြစ်နိုင်သလို ၊ ပေးဆပ်ခြင်းလည်း ဖြစ်နိုင်ပါတယ် ။
   အချစ်မှာ ပုံသေသဏ္ဍာန်မရှိဘူး ။ သူက ပြဒါးလိုပဲ လေးထောင့်ဖလားထဲထည့်ရင် ၊
   လေးထောင့်ပုံဖြစ်တယ် ၊ ဖလားဝိုင်းထဲထည့်ရင်လည်း အ၀ိုင်းပုံဖြစ်တာပဲ ၊ရယူခြင်း ၊
   ပေးဆပ်ခြင်းဆိုတာ ခံယူချက်နဲ့ သာ သက်ဆိုင်ပါတယ် ၊ သူက အချစ် မဟုတ်ဘူး ။´´

အချစ်ဆိုတာ တစ်ခါတည်းသာ ပေါက်ဖွားပြီး နောက်ထပ်မပေါက်ဖွားတော့ဘူးဆိုတာ
ဖြစ်နိုင်ပါလား ? နောက်ထပ်ချစ်တဲ့အချစ်ကကော အချစ်စစ်အချစ်မှန် ဖြစ်နိုင်ပါ့မလား ? ။

``အချစ်နဲ့ စပ်ဆိုင်တဲ့ အိန္ဒိယဒဏ္ဍာရီ တစ်ခုက ဒီလိုဆိုထားပါတယ် ။ဖန်ဆင်းရှင်ဗြဟ္မကြီးဟာ
ယောက်ျားတစ်ပိုင်း မိန်းမတစ်ပိုင်း ဖြစ်တည်နေတဲ့ နတ်မင်းကြီးရဲ့ ခန္တာကိုယ်ကနေ အမျိုးသမီး
အပိုင်းကို ဖယ်ရှားလိုက်ပြီး နတ်သမီးတစ်ပါး သီးခြားကိုယ်ပွား ဖန်ဆင်းပေးလိုက်တယ်လို့  ဆို
ထားပါတယ် ။ဒီလို ဖန်ဆင်းပေးလိုက်တဲ့  နတ်သမီးကို parvati လို့ ခေါ်ပြီး နတ်မင်းကြီးကိုတော့
 shiva လို့ ခေါ်ပါတယ် ။ နတ်သမီးကို သီးခြားကိုယ်ပွား ဖန်တီးပေးခဲ့ပေမဲ့ နတ်သမီးလေးက မူလ
နတ်မင်ကြီးရှိရာကိုသာ ပြန်ပြန်လာတယ်လို့ ဆိုထားပါတယ် ။ဒီလိုပြန်ပြန်လာရတဲ့ အကြောင်းက
တော့ ဖန်ဆင်းရှင် ဗြဟ္မကြီးဟာ ယောက်ျားတစ်ပိုင်း မိန်းမတစ်ပိုင်းရှိတဲ့အနက် မိန်းမတစ်ပိုင်းကို
ဖယ်ထုက်ဖန်ဆင်းပေးနိုင်ပေမဲ့ အချစ်ဆိုတဲ့ အရာကိုတော့ ခွဲထုက်ပေးနိုင်စွမ်းမရှိတဲ့အတွက်
ခွထြုက်ခံထားရတဲ့ နတ်သမီးလေးက နတ်မင်းကြီး ၊တနည်းအားဖြင့် အချစ်ဓာတ်ရှိရာကို ပြန်ပြန်
လာရတာဖြစ်တယ်လို့  ဆိုပါတယ် ။


သူငယ်ချင်းတို့ လည်း ခွဲထုက်ခံထားရတဲ့ နတ်သမီးလေးဖြစ်တာမို့  အချိန်တန်ရင် မူလအချစ်ဓာတ်
ရှိရာကို  ရှာဖွေတွေ့ ရှိသွားကြမှာပါ ။အချစ်နဲ့ ပက်သက်ပြီး အချစ်ရဲ့ အဓိပါယ်ကို အထင်ဟပ်ဆုံး ဖွင့်
ဆိုပေးခဲ့သူကတော့ ပလေတို ဖြစ်ပါတယ် ။ သူက အချစ်ဆိုတာ ` ဘက်စုံအားလုံးအတွက် ရယူလိုမှုနဲ့ 
ရအောင်ကြိုပမ်းမှု ´လို့ ဆိုပါတယ် ။

ဒီနေ့ အထိ သူထက်သာလွန်တဲ့ ဖွင့်ဆိုချက်မရှိသေးဘူးလို့ အချစ်ဗေဒပညာရှင်တွေက ဆိုကြပါတယ် ။
အခစ်ဆိုတာ ဘက်စုံအားလုံး အတွက် ရယူလိုမှုနဲ့ ရအောင်ကြိုပမ်းမှုလို့ ဆိုကြပေမဲ့ ဘက်စုံအားလုံး
အတွက်ရယူနည်း ရအောင်ကြိုပမ်းနည်းကိုတော့ ယနေ့ ထက်ထိ ဘယ်သူကမှ တိတိပပညွှန်ပြ
မပေးနိုင်ကြသေးပါဘူး ။ဒါကြောင့်လည်း အချစ်မှာ မျက်စိမရှိဆိုတဲ့ ဆင်ခြေကို ပေးနေကြတာဖြစ်နိုင်
ပါတယ် ။

အမြင် ၊ အနံ့  ၊ အကြား ၊အရသာ ၊ အတွေ့ စတဲ့အာရုံငါးပါးရယ် ၊ အသိအာရုံရယ် ၊စုစုပေါင်းအာရုံခြောက်ပါး
ရှိတယ် မဟုတ်လား ။ အမြင် ၊ အနံ့  ၊အကြား ၊အ၇သာ ၊ အတွေ့ ဆိုတဲ့ အာရုံ ကို အပြင်အာရုံ လို့ ခေါ်ပြီး
အသိအာရုံကိုတော့ အတွင်းအာရုံ လို့ ခေါ်ပါတယ် ။အသိအာရုံကို မနောအာရုံ လို့ လည်း ခေါ်ပါသေးတယ် ။
ကျွန်တော်တို့ အားလုံး နေစဉ်နဲ့ အမျှ အမြင်အမျိုးမျိုး ၊ အကြားအမျိုးမျိုး ၊ အရသာအမျိုးမျိုး ၊ အနံအမျိုးမျိုး ၊
အတွေ့ အမျိုးမျိုး ဆုံစည်းနေကြတာပဲ မဟုတ်လား ။ ဒါတွေ အားလုံးကို ကြိုက်ခြင်း ၊ မကြိုက်ခြင်း ၊ လိုလားခြင်း ၊ မလိုလားခြင်း ၊ နှစ်သက်ခြင်း ၊ မနှစ်သက်ခြင်း ၊ဆိုတဲ့ တုန့် ပြန်မှုသဘောလက္ခဏာ တွေက
ကျွန်တော်တို့ သတိမထားမိလိုက်တဲ့ အချိန်တွေမှာပဲ မသိစိတ်မှာ အစိုင်အခဲအဖြစ် ဖြစ်ပေါ် တည်ရှိလာသလို  အာရုံသိမ်ဖျင်းချိနဲ့ ၇င်လည်း သိမ်လှီတဲ့ ဖွဲ့ တည်မှုဖြစ်တည်လာတော့တာပါပဲ ။

ဒီအစိုင်အခဲ က တစ်ဦးနဲ့ တစ်ဦး အရည်အသွေးချင်းကွာသလို အရည်အချင်းလည်း ကွာခြားနေမယ်လို့ 
ယုံကြည်ပါတယ် ။မိမိအရည်အချင်း ၊ အရည်အသွေးအခံ နဲ့ ကြိုက်ခြင်း ၊ မကြိုက်ခြင်းဆိုတာတွေ ကို ရွေးချယ်လာခဲ့ကြတာပဲ မဟုတ်လား ။လိင်စိတ်ဖွံ့ ဖြိုးချိန်မှာ ဒီနှစ်သက်ခြင်း၊ မနှစ်သက်ခြင်း သဘောက
အချစ်ကို မြင်သာထင်သာဖြစ်အောင် လှုပ်ခတ်ပေါက်ဖွားစေတော့တာပဲပေါ့ ။

အချစ်မှာ လိင်စိတ်ကအဓိကအကြာင်းလို့ ထင်ကြပေမဲ့  တကယ်တော့ လိင်စိတ်က အဓိက မကျပါဘူး ။
အချစ်ဆိုတာ စောစေကပြောသလို အစိုင်အခဲက ပေါက်ဖွားလာတဲ့ အရာပါ ။ဒီအစိုင်အခဲက နှလုံးသားမှာ
ကိန်းဝပ်နေတဲ့အရာ ပါ ၊

ကျွန်တော်သိသမျှ ဖတ်ခဲ့ဘူးသမျှ အချစ်အကြောင်းလေးတွေကိုလည်း  သူငယ်ချင်းတွေ သိစေဖို့ ဝေမျှပေးလိုက်ပါတယ် ။
အချစ်ဆိုသည်မှာ......
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipIB1Bi2MsOBgXwMFLKPtHqI1OTWXIrNBQ19B3BhqVHma4HLrdwYOnvSJ6nOw2Mw_YLY1OKqA2wXo3E48HEsPb5oogauC5YlEKfhbqJ-0aKa-igSsdUfZfzILGSWGLNi7G5ZTSPLxWU78/s1600/love.jpg
အချစ်ဆိုသည်မှာ - - -

> ကိုယ့်ဖက်က အရမ်းချစ်သလောက် သူ့ဖက်က ပြန်မချစ်သည့်အခါ အရမ်းခံရခက်သည်ဟု လူအများက လက်ခံထားကြလေသည် ။ လုံးဝလွဲမှားနေသည် ။ သူ့ဖက်က ပြန်ချစ်သည်မချစ်သည်မှာ သူ၏ စိတ်ခံစားချက် သူ့အပိုင်းသာဖြစ်ပြီး ကိုယ့်ဖက်က သူ့ကို ချစ်နေဖို့သာ အဓိက ကျနေသည်မဟုတ်လား ။

> ကိုယ်က ချစ်တယ်ဟု ဖွင့်ပြောပြီးသည့်အခါ ဘယ်တော့အဖြေပေးမှာလဲဟုတောင်းခြံ
ကခြင်းမှာလည်း တကယ်တော့ အတော်အူကြောင်ကြောင်နိုင်သောကိစ္စဖြစ်သည် ။ ကိုယ်သူ့ကို ချစ်တယ်ဟုဖွင့်ပြောခြင်းမှာ ကိုယ်ချစ်နေခြင်းသူသိစေရန် ဖွင့်ဟ၀န်ခံခြင်းသက်သက်ပင်ဖြစ်သည် ။ သူ့ဆီက အဖြေလိုချင်သည် ထိုအဖြေမှာလည်း ချစ်တယ်ဆိုသည့်အဖြေဖြစ်ပြီး သူပြန်ချစ်တာကိုပြန်လိုချင်သည်မှာတော့ ကိုယ်၏အတ္တ သက်သက်သာဖြစ်သည်မဟုတ်ပါလား ။

> တကယ့်အချစ်စစ်ဆိုသည်မှာ
တစ်မိုးအောက်ထဲတွင် သူရှိနေတယ်ဆိုသည့်အသိ ၊ သူလည်းငါ့လိုပဲ ဒီကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်သွားလာနေတယ်ဆိုတဲ့ အသိကလေးနဲ့တင် ရင်ခုန်ကြည်နူးနေရတဲ့ စိတ်ခံစားမှုကလေးတစ်ခုဖြစ်တယ် ။

> အချစ်ဟာ ပူလောင်တယ်ဆိုတဲ့စကားဟာ တကယ့်အချစ်နဲ့ နက်ရှိုင်းစွာ မချစ်ဖူးသူတို့ပြောတာဖြစ်လိမ့်မယ် ။ ပိုင်ဆိုင်ရခြင်း မပိုင်ဆိုင်ရခြင်း ဝေးကွာခြင်း နီးစပ်ခြင်း စတဲ့ အရှိတရားတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ အချစ်ဟာ ပူလောင်စရာတွေဖြစ်လာတော့တယ် ။ သူနဲ့အတူမနေရလို့ သူနဲ့အတူမပေါင်းရလို့ စသဖြင့် စိတ်ဒုက္ခကြီးစွာ ရောက်ကြရတယ် ။ တကယ်တော့လည်း ပေါင်းစပ်ရခြင်း မပေါင်းစပ်ရခြင်း ဝေးကွာခြင်း စတာတွေကို အချစ်နဲ့ရောထွေးကြမိလို့ အချစ်ဆိုတာ ပူလောင်တယ်ဆိုတာ ဖြစ်လာရတယ်မဟုတ်လား ။ အချစ်ကို သူ့ဟာသူ ထားကြည့်လိုက်ကြစမ်းပါ ။ အေးချမ်းငြိမ်သက်တဲ့ ကြည်နူးလှိုက်မောဖွယ် စိတ်ဝိဥာဉ်လေးဖြစ်တယ်ဆိုတာ တွေ့လာရပါလိမ့်မယ် ။

>အချစ်ဆိုတဲ့အရာမှာ စေတနာများစွာပါတယ် ပေးဆပ်ခြင်းများစွာပါတယ် တကယ့်အချစ်စစ်မှာ ရယူလိုမှုဆိုတာမရှိဘူး လောဘကြီးစွာ တပ်မက်တယ်ဆိုတာလည်းမရှိဘူး ကြိမ်းသေတဲ့ နိယာမတစ်ခုကတော့ “ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို နစ်နာအောင်မလုပ်ကြဘူး ” နစ်နာအောင် ကိုယ့်ကို နာကျင်အောင် လုပ်တယ်ဆိုရင်တော့အဲဒီဒါအချစ်စစ်မဟုတ်လို့ပဲ ။ အချစ်ကြီးလို့ အမျက်ကြီးတာပါဆိုတာဟာ တကယ်တော့ အူကြောင်ကြောင် ဆင်ခြေတစ်ခုသာဖြစ်တယ် ။ တကယ်သာချစ်ကြည့် သူ့ကို လက်ဖျားနဲ့ထိဖို့မဆိုနဲ့ သူ့အနားရောက်မိရင်ပဲ ကမ္ဘာမြေဟာ ပန်းတွေပဲပွင့်လာသလိုလို ကိုယ်ဟာ သီးခြားကမ္ဘာတစ်ခုထဲရောက်သွားသလိုလို ရင်ဟာ တဒုန်းဒုန်းခုန်လာပြီးခြေဖျားလက်ဖျားတွေအေးဆက်လာလေ့ရှိတယ် ။
အချစ်ဆိုတာ...........

(၁) တကယ့်အချစ်ဆိုတာ ညည်းညည်းခံတာ မဟုတ်ဘူး။ လက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စိုးမိုးခြယ်လှယ်တာ မဟုတ်ဘူး။ အားပေးထောက်ခံတာဖြစ်တယ်။
တကယ့်အချစ်ဆိုတာ စီစစ်မေးမြန်းတာ မဟုတ်ဘူး။ နှစ်သိမ့်တာဖြစ်တယ်။

(၂) တကယ့်အချစ်ဆိုတာ ကျေးဇူးတင်တတ်ရသလို တောင်းပန်တတ်ရတယ်။
တကယ့်အချစ်ဆိုတာ ချစ်ခင်ကြင်နာတတ်ရသလို ခွင့်လွှတ်နားလည်တတ်ရတယ်။
တကယ့်အချစ်ဆိုတာ အမှားကိုပြင်တတ်ရသလို အမှားကိုလည်း ဝန်ခံရဲရတယ်။

(၃) တကယ့်အချစ်ဆိုတာ အချင်းချင်း စူးစိုက်ငေးမောနေတာ မဟုတ်ဘူး။ ဦးတည်ရာတစ်ခုတည်းကို နှစ်ယောက်အတူ ကြည့်တာဖြစ်တယ်။

(၄) တကယ့်အချစ်ဆိုတာ လှပ ပြီးပြည့်စုံတဲ့လူကို ရှာဖွေတာ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့အကြည့်နဲ့ မလှပ၊ မပြည့်စုံသူကို နှစ်သက်တတ်အောင် သင်ယူတာဖြစ်တယ်။

(၅) လက်ချင်းတွဲပြီဆိုတာနဲ့ လမ်းခွဲဖို့စကားကို အလွယ်တကူ မပြောတော့ပါနဲ့။

(၆) အချစ်ဆိုတာ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါး အတူတကွ မျှဝေတာဖြစ်တယ်။

(၇) ဆုံးရှုံးသွားမှ တန်ဖိုးထားရကောင်းမှန်းသိတဲ့အထိ မစောင့်ပါနဲ့။
နာကျင်ထိခိုက်ပြီးမှ ခခယယ တောင်းပန်ရကောင်းမှန်းသိတဲ့အထိ မစောင့်ပါနဲ့။
တချို့အရာတွေက ဆုံးရှုံးသွားပြီးရင် ဘယ်တော့မှ အစားပြန်မရနိုင်တော့ပါဘူး။

(၈) အထီးကျန်ချိန်မှ အချစ်ကို ချစ်မိသွားတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။
အထီးကျန်လို့ချစ်တာ မဟုတ်ဘဲ အချစ်ကြောင့် အထီးကျန်တာကို မခံစားရတာပဲ ဖြစ်ပါစေ။

(၉) အချစ်က ထိခိုက်နာကျင်တာတွေအားလုံးကို ကုစားပျောက်ကင်းစေပါတယ်။

(၁ဝ) လူ့ဘဝတစ်သက်မှာ အရသာကင်း ပျင်းရိငြီးငွေ့တဲ့အချိန်၊ အခက်အခဲနဲ့ ကြုံတွေ့တဲ့အချိန်တွေ ရှိပါတယ်။ လူ့စိတ်အလိုမကျတဲ့ အခက်အခဲတွေကို ချိုးဖြတ်နိုင်တာ "အချစ်"ပါ။ အချစ်က လှပမှုတွေပေးသလို မျှော်လင့်ချက်ကိုလည်း ရှင်သန်စေပါတယ်။

(၁၁) အချစ်ရှိရင် အခက်အခဲဆိုတာ ဝန်တစ်ခု၊ ထမ်းပိုးတစ်ခု မဟုတ်တော့ပါဘူး။

(၁၂) လက်ရှိပိုင်ဆိုင်တဲ့အချစ်ကို တန်ဖိုးထားမြတ်နိုးတာဟာ ဟိုးဝေးဝေးက မရှိ၊ မဖြစ်သေးတာကို မျှော်မှန်းတမ်းတတာထက် ပိုအရာရောက်ပါတယ်။

အချို့ ဟာတွေက ကိုသက်တန့် ချို နဲ့ မနိုင်းနိုင်းစနေ ဆီကပါ ။

လေးစားခင်မင်စွာဖြင့်
                        ညချစ်သူ


sam

UNDER THE TITLE OF THE POEM, CLICK