*တစ်ချိန်ကပေါ့
ငါ့မြင်းငါစိုင်းလို့
ငါ့လမ်းငါဖောက်ဖို့
ကြိုးစားခဲ့ဖူးတယ်...။
*ငါ့ဓါးတို့ထက်မြ
ငါ့လှံသွားတို့ ထက်ရှအောင်လို့
(ငါ)အဖန်တလဲ ....
ကျောက်စာကျွေးခဲ့ဖူးတယ်...။
......................
*ငါ့ကောင်းကင်မှာ
လှိုင်းမထန်ခင် အချိန်ထိတော့
နဂါးခေါင်း ငါ့ဖက်လှည့်တာ
အမှတ်တမဲ့ပါပဲ.....။
*ညီမရေ...
ငါက အပျံမတတ်ခင်
အတောင်ကျိုးခဲ့၇တာပါ......
ပွင့်ခွင့်မ၇ခင်က
ကြွေနှင့်ခဲ့တာပါ......။့
. ..............
နင်ခတ်တဲ့အတောင်တစ်ချက်
ငါ့ဘက်မှာ မုန်တိုင်းထန်ခဲ့ပြီ....။
*မိညီမ.......
နင်ရယ်ချင် ရယ်နိုင်တယ်...။
ငါကတော့....
ကောင်းကင်အကြွေကို
ကောက်ဖို့......စောင့်......မယ်.......။ ။
No comments:
Post a Comment